Thursday, December 4, 2014

တရားမ မှတ်စုများ

တရားမ မှတ်စုများ
(အသုံးတည့်မည်ဟု ယူဆရသော မှတ်စုများကို ဖေါ်ပြပေးလိုက်ပါတယ်)

သက်သေကို ရုံးခွန်ခေါင်းသွင်း၍ ရုံးတော်မှ ဆင့်ခေါ်ပေးရန် တင် ပြခြင်း (အမိန့်-၁၆၊နည်း-၁)


တရားမကြီးမှုမှ တရားလို သို့မဟုတ် တရားပြိုင် တစ်ဖက်ဖက်မှ အချို့ သက်သေကို ရုံးတော်မှ ဆင့် စာ ထုတ်၍ ခေါ်ပေးရန် သက်သေစာရင်း တင်ပြသည့်အခါ ရုံးခွန်ခေါင်း သွင်း၍ လျှောက်ထားလေ့ရှိပါသည်။
ထိုသို့ လျှောက်ထားသည့်အခါ လျှောက်လွှာတွင် အမိန့်-၁၆၊နည်း-၁ အရဟု ဖေါ်ပြ၍လျှောက်ထားရပါသည်။


ဆင့် ခေါ်စာထုတ်၍ ခေါ်သော်လည်း အတည်ဖြစ်လျှက် သက်သေမလာသည့်အခါ...


ဆင့်စာအတည်ဖြစ်လျှက် ရုံးရှေ့သို့ လာရောက်ရန် အကြောင်းမဲ့ ပျက်ကွက်သော သက်သေအား 
အမိန့်-၁၆၊နည်း-၁၀ အရ ဘမ်းဆီးရန် ၀ါရမ်းထုတ်နိုင် ပါသည်။ (ပစ္စည်းကိုလည်း ၀ါရမ်းကပ်နိုင် ပါသည်။
သို့သော် ၀ါရမ်းမထုတ်မီ ဆင့်စာလုလင်အား စစ်ဆေးပြီး အတည်ဖြစ်ကြောင်း သေချာမှသာ ထုတ်သင့် ပါသည်။)


ထိုသို့ ၀ါရမ်းထုတ်မှ ထိုသက်သေ ရုံးရှေ့သို့ ရောက်လာလျှင်...


ဆင့်စာ အတည်ဖြစ်လျှက် မလာရောက်သည့် သက်သေကို အမိန့်-၁၆၊ နည်း-၁၂ အရ ငွေကျပ် ၅၀၀ိ/-
ထက်မပိုသော ဒဏ်ငွေကို တပ်ရိုက်နိုင် ပါသည်။(ဒဏ်ငွေ ပြင် ဆင် ချက် မရှိသေးဟု ထင် ပါသည် )


တရားမမှုတွင် စစ်ဆေးပြီး သက်သေကို ပြန်ခေါ်စစ်ဆေးနိုင် သည့် အာဏာ

(အမိန့်-၁၈၊ နည်း-၁၇)
ပြစ်မှုဆိုင်ရာ အမှုများတွင် စစ်ဆေးပြီးသော တရားလိုပြသက်သေများကို ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေ
အရ ပြန်ခေါ်စစ်ဆေးနိုင် ရန် အခွင့် အရေးပေးထားပါသည်။
တရားမမှုတွင် ကား စွဲချက်တင် ခြင်း မရှိ၍ တရားပြိုင် က ပြန်ခေါ်သက်သေ စစ်ဆေးခွင့် မရှိပါ။ စစ်ဆေး
ပြီးသော သက်သေကို အမိန့်-၁၈၊ နည်း-၁၇ အရ ရုံးတော်ကသာ ပြန်ခေါ်စစ်ဆေးနိုင် ခွင့် ရှိပါသည်။

ရုံးခေါ်သက်သေပြစ်မှုတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၄၀ အရ ရုံးတော်မှ အမှုမှန်ပေါ်ပေါက်ရေးအတွက် လိုအပ်
လျှင် မည်သူ့ကို မဆို ရုံးခေါ်သက်သေအဖြစ် ခေါ်ယူစစ်ဆေးနိုင် သည့် ပြဋ္ဌာန်းချက်ရှိသကဲ့သို့ တရားမမှုများ
တွင် လည်း လိုအပ်လျှင် တရားလို၊ တရားပြိုင် မဟုတ်သော မည်သူ့ကို မဆို အမိန့်-၁၆၊ နည်း-၁၄ အရ
ရုံးခေါ်သက်သေအဖြစ် ခေါ်ယူစစ်ဆေးနိုင် ပါသည်။ သို့မဟုတ် လိုအပ်လျှင် အမိန့်-၁၆၊ နည်း-၁၄ အရ ထိုလူ
တစ်ဦး လက်ဝယ်ရှိ မည်သည့်စာချုပ် စာတမ်းကို မဆို သက်သေခံအဖြစ်လည်း တင်ပြစေနိုင် ပါသည်။


အမိန့်-၁၆၊ နည်း-၁၄ အရ ဆင့် ခေါ်သော ရုံးခေါ်သက်သေအတွက် ဆင့်စာခ၊ သက်သေစရိတ်ကို မည်သူက ကျခံရမည်ကို ဆုံးဖြတ်ခြင်း

အမိန့်-၁၆၊ နည်း-၁၄ အရ တစ်စုံတစ်ယောက်ကို ရုံးခေါ်သက်သေအဖြစ် ဆင့် ခေါ်သည့်အခါ ၄င်းသက်သေ
ကို မည်သူ၏( တရားလို/တရားပြိုင်)အကျိုးငှာ ဆင့်ခေါ်ရခြင်း ဖြစ်ကြောင်း ဆုံးဖြတ်ရမည့်အပြင် အမိန့်ဆင့်
စာ ထုတ်သည့်အတွက် ဆင့်စာခနှင့် သက်သေစရိတ်များကို ထိုသူ( အကျိုးငှာ ဆုံးဖြတ်ခံရသူ) က ပေးစေ
ရန် တောင်းဆိုနိုင် သည်။ (တရားရုံးများလက်စွဲ-၁၄၆ ကိုလည်း ကြည့်ပါ)


အမှုရွှေ့ဆိုင်းခ သတ်မှတ်ခြင်း

တရားမကျင့်ထုံးကိုဓဥပဒေ အမိန့်-၁၇၊ နည်း-၁(၂)အရ -
အမှုသည် တစ်ဖက်ဖက်မှ အကြောင်းတစ်ခုခုကြောင့် အမှုမစစ်ဆေးနိုင် ၍ ရက်ချိန်းတောင်းသဖြင့် အမှုရွှေ့ ဆိုင်း ပေးရန် လုံလောက်သော အကြောင်း ရှိလျှင် ရက်ချိန်းရွှေ့ဆိုင်းပေးနိုင် ပြီး ရွှေ့ဆိုင်းခအဖြစ် ရုံးက 
သင့်သလို သတ်မှတ်ပြီး ပေးစေရန် အမိန့်ချမှတ်နိုင် သည် ။


လျှောက်လဲချက် ပေးခြင်း

ပြစ်မှုများတွင် စွဲချက်တင် သင့် /မတင် သင့် လျှောက်လဲချက်ကို တရားလိုဖက်မှ စ၍ ပေးရပါသည်။ ထို့နောက်မှ တရားခံဖက်က ပြန်လှန်လျှောက်လဲချက် ပေးရပါသည်။
ပြစ်မှုတွင် အပြီးသတ်လျှောက်လဲချက်ကို တရားခံဖက်မှ စ၍ ပေးရပါသည်။ ထို့နောက် တရားလိုဖက်မှ ပြန်
လှန်လျှောက်လဲချက်ပေးရပြီး ထို့နောက်မှ တရားခံဖက်မှ ထပ်မံ၍ အကျဉ်းချုံးပြီး လျှောက်လဲချက်ပေး၍ 
နိဂုံးချုပ်ရပါသည်။
တရားမမှုများတွင် - အမိန့်-၁၈၊ နည်း-၂(၂)အရ
ပထမဦးစွာ အမှုကို စတင်စစ်ဆေးခွင့် ရသည့် အမှုသည် ( စတင် စစ်ဆေးခွင့် ဖြစ်သော Right to
begin  မှာ ငြင်းချက်များအပေါ် မူတည်သဖြင့် ပုံသေမရှိနိုင် ပါ)ဖက်မှ စ၍ လျှောက်လဲချက်ပေးရပြီး  ထို့နောက်မှ အမိန့်-၁၈၊ နည်း-၂(၃)အရ အခြားအမှုသည်ဖက်မှ ပြန်လှန်လျှောက်လဲချက်ပေးရပါသည်။ ထို့ နောက်မှ အမှုတစ်ခုလုံးအပေါ် ယေဘူယျ သုံးသပ်၍ အမှုစတင် စစ်ဆေးခွင့် ရသူဖက်မှ ပြန်လည်၍
လျှောက်လဲချက်ပေးရမည်ဖြစ်ပါသည်။


တရားမမှုများတွင် သက်သေ၏ အမူအရာကို မှတ်တမ်းတင် ခြင်း

ပြစ်မှုဆိုင် ရာ ကျင့် ထုံးဥပဒေပုဒ်မ-၃၆၃ တွင် လည်း တရားသူကြီးသည် သက်သေ၏ အမူအရာကို အရေးပါသည်ဟု ထင် မြင် လျှင် ရေးမှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသကဲ့သို့ တရားမကျင့်ထုံးကိုဓဥပဒေ အမိန့်-၁၈၊ နည်း-၁၂ အရ အမှုစစ်ဆေးနေစဉ် မည်သည့်သက်သေကို မဆို လိုအပ်လျှင် အမူအရာ၊ မျက်နှာအနေအထားနှင့် ပတ်သက်၍ မှတ်ချက်ပြုမှတ်တမ်းတင် ထား နိုင် ကြောင်း ပြဋ္ဌာန်းထားချက် ရှိပေသည်။ 


သက်သေအမူအရာနှင့် သက်ဆိုင် သော ပြဋ္ဌာန်းချက်များ

တရားရုံးများလက်စွဲအပိုဒ်-၆၂၀                ..........( ပြစ်မှု + တရားမ နှစ်မျိုးလုံးနှင့် သက်ဆိုင်)
ပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေပုဒ်မ-၃၆၃       ..........( ပြစ်မှုများနှင့်သာ သက်ဆိုင် )
တရားမကျင့်ထုံးအမိန့်-၁၈၊ နည်း-၁၂         ..........( တရားမမှုများသာ )



အောင် စိုး ( ပြည် )

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...