Tuesday, December 2, 2014


တရားခံပြေးပြန်လည်ဖမ်းဆီးမိရာတွင် တရားခံပြေးမှုမှ သက်သေကို မတင်ပြနိုင်လျှင် လိုက်နာရန်လုပ်ထုံး။


(ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြသနာ အမှတ် - ၈ ၊ စာ -၂၅၀)

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ၏ ပထမပိုင်းကို အသေအချာ ဖတ်ဖို့လိုပါတယ်။ သက်သေကို ရှာမတွေ့တဲ့ကိစ္စကို ရည်ညွှန်းမထားပါ။

သက်သေခံဥပဒေပုဒ်မ ၃၂ တွင်မူ "ရှာမတွေ့ရင်" ဆိုသောစကားပါပါသည်။ 

သို့ဖြစ်၍ သက်သေခံဥပဒေပုဒ်မ - ၃၂ နှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ တို့ပါ ပြဌာန်းချက်များကွဲလွဲမှုရှိပါသည်။ 

သက်သေကိုဆင့်ရာမှာ ဘယ်ရောက်မှန်းမသိသဖြင့် ကြန့်ကြာနိုင်ပါသည်။
တရားခံကို စစ်မည့်ပြစ်မှုကြီးတွင် သက်သေဘယ်ရောက်နေကြောင်းမသိသော သက်သေတစ်ဦးကို စစ်ဆေး၍ ထိုသက်သေ
၏ ထွက်ချက်အပေါ် အခြေခံပြီး ဆင့်ခေါ်ရမည့်သက်သေ၏ လိပ်စာကိုမသိသဖြင့် ၄င်းအားဆင့်ခေါ်ပါက မလျော်ကန်သော ကြန့်ကြာမှု ရှိနိုင်ဖွယ်ရာ အကြောင်းရှိသောကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၂(၁)အရ သက်သေ၏ ထွက်ချက်ကို သက်သေခံအဖြစ် အသုံးပြုဟု အမိန့်ချရပါမည်။

ထိုသို့ အမိန့်ချပြီးနောက် ထွက်ချက်ကို ပြစ်မှုကြီးသို့ ပြောင်းယူရပါမည်။ 
ထိုသို့ပြောင်းယူသည့်အခါ "သက်သေမောင်ဖြူ၏ ထွက်ချက်ကို သက်သေခံ (စ) အဖြစ်လက်ခံသည်" ဟု အမှုကြီး၏ နေ့စဉ်မှတ်တမ်းတွင်လည်းကောင်း၊ "ဤအမှုမှသက်သေ မောင်ဖြူ၏ထွက်ချက်ကို အမှုကြီးအမှတ် ( ) တွင် သက်သေခံအဖြစ်လက်ခံထားကြောင်း" တရားခံပြေးမှုတွင် လည်းကောင်း ရေးမှတ်ရပါမည်။ 

ကာယကံရှင်သည် အမှုကြီးတွင် သက်သေခံဘိသကဲ့သို့ ထွက်ချက်ကို သက်သေခံအဖြစ် သုံးနိုင်ပါသည်။

သတိချပ်ရန်မှာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂(၁)၊ ၅၁၂(၂) နှင့် သက်သေခံဥပဒေပုဒ်မ ၃၂ ပါ ပြဌာန်းချက်များတွင် ကွဲပြားချက်များရှိပါသည်။

----

Thê Hein


 ပြန်လှန်မေးခွင့်မရသည့်အတွက် တရားခံ မနစ်နာဘူးလား။


---

Tun Myo Htay

ဆရာ က တရားခံ၏ ပြန်လှန်စစ်မေးခွင့် နှင့် After thought ဖြစ်မှာကိုစိုးရိမ်ဟန်တူပါတယ်။ 

တရားခံပြန်လှန်မေးခွင့်မရသည့် သက်သေ နှင့် တရားခံပြန်လှန်မေးခွင့်ရသည့်သက်သေတို့ ဆန့်ကျင်ဘက်ဖြစ်လာသည့်အခါမှာ တရားရုံးက တရားခံပြန်လှန်စစ်မေးခွင့်ရခဲ့သည့် သက်သေ၏ထွက်ချက်ကို အလေးထားပေးမှာဖြစ်ပါတယ်။

နောက်တစ်ခုက တရားခံ အပြစ်ရှိမရှိသုံးသပ်ရာမှာလည်း တရားခံပြန်လှန်စစ်မေးခွင့် မရခဲ့သည့် သက်သေ၏ထွက်ချက်တစ်ခုတည်းဖြင့် တရားခံကို အပြစ်ပေးမည်မဟုတ်ပါဆရာ။

After thought နှင့် ပတ်သက်လို့ကတော့ တရားခံ၏ပျက်ကွက်မှုမဟုတ်သည့်အတွက် After thoughtဖြစ်စရာအကြောင်းမရှိပါဆရာ။

(TUN MYO HTAY
)

§ § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § § §


U Shwe Than 

ဆရာထွန်းရေ ယခင်က ထွက် ဆိုခဲ့တဲ့ သက်သေေ မာင်ဖြူ ထွက်ချက်ကို သက်သေခံ ဖြစ် လက်ခံတာက ဟုတ်ပါပီ။ အဲ့ သက်သေ အစစ်ခံစဉ် တုန်းက တင်သွင်း ခဲ့တဲ့ စာမှတ် စာတမ်း သက်သေခံချက် တွေက အမှတ်စဉ်ပေးထား ပီးသား ဖြစ်နေတယ် အဆင် ပြေအောင် ဘယ်လိုလူပ်ရင် ကောင်းမလဲ။


Tun Myo Htay 

ဆရာ U Shwe Than ခင်ဗျာ။ ဆရာခင်ဗျာ။ ဆရာမေးသည့်မေးခွန်း နှင့်ပတ်သက်ပြီး ဆရာများ၏အာဘော် မတွေ့မိပါဆရာ။ ဒါ့ကြောင့် ကျနော့် အမြင်ကိုသာတင်ပြပါရစေ ဆရာ ။ မှားနေလျှင် သင်ပြပေးဖို့ ရိုသေစွာဖြင့် တောင်းခံပါရစေဆရာ။

ဆရာမေးတဲ့ပြသနာမှာ သက်သေခံအဖြစ်လက်ခံလိုက်တဲ့ သက်သေက သက်သေခံသွင်းထားသည့် သက်သေခံစာရွက်စာတမ်းများနှင့် စပ်လျဉ်းပြီး သက်သေခံ အမှတ်စဉ် တပ်ထားပြီးဖြစ်၍ မည်ကဲ့သို့ ဆောင်ရွက်မည်နည်းဟု ဆွေးနွေးခိုင်သည်ဟု နားလည်မိပါသည်ဆရာ။

သေ(သို့)မစွမ်း(သို့)ဆင့်ခေါ်ရန်မလျော်သည့် သက်သေကိစ္စသည် အများအားဖြင့် အခြားသက်သေများစစ်ဆေး၍ ကုန်တော့မှ ဆောင်ရွက်ကြသည့်ကိစ္စဖြစ်သဖြင့် အခြားသက်သေများဖြင့် သက်သေခံတင်သွင်းထားပြီးဖြစ်နေသည့် ကိစ္စတွင် သက်သေခံ အမှတ်စဉ်မှာ များသောအားဖြင့် ယခင်ထွက်ချက်ပါ သက်သေခံ အမှတ်စဉ်ထက် ကျော်နေတာများသည်ကိုတွေ့ရပါသည်ဆရာ။

သက်သေခံစာရွက်စာတမ်းမှာ သက်သေခံအမှတ်စဉ်တပ်တာကို ရုံးလက်စွဲအပိုဒ်- ၁၀၇၅ အရ မှတ်သားခြင်းဖြစ်သည်ဟုလေ့လာဖူးပါသည်ဆရာ။ သို့ဖြစ်၍ ပြဌာန်းချက်မဟုတ်ဘဲ ရုံးလုပ်ထုံးလုပ်နည်းတစ်ခုသာဖြစ်သည်ဟု ယူဆမိပါသည်ဆရာ။

ထို့ကြောင့် ယခင်ထွက်ချက်က သက်သေခံတင်သွင်းထားသည့် စာရွက်စာတမ်း၏ သက်သေခံအမှတ်စဉ်ကို မူတည်စဉ်းစားသင့်သည်ဟုယူဆပါသည်ဆရာ။

နေ့စဉ်မှတ်တမ်းအမိန့်ဖြင့် ပြစ်မှုကြီးတွင် ယခင်ထွက်ချက်ပါ သက်သေခံအမှတ်စဉ်ကို အဓိကထား၍ သက်သေခံအမှတ်စဉ်ပြန်ညှိလျှင် အဆင်ပြေနိုင်မည်ဟုယူဆမိပါသည်ဆရာ။ ရိုသေစွာဖြင့်။

U Shwe Than 

ဆရာထွန်းရေ သက်သေထွက်ချက်ထဲလည်း သက်သေခံ အမှတ်စဉ် ပေးပြီး​နေပြီ။


Tun Myo Htay 

ဆရာ U Shwe Thanခင်ဗျာ။ ဆရာခင်ဗျာ။ အဲဒါကြောင့် နေ့စဉ်မှတ်တမ်း အမိန့် ဖြင့် သက်သေခံ အမှတ်စဉ် ပြန်ညှိဖို့တင်ပြတာပါဆရာ။

သက်သေသည် တိုင်တန်းသူဖြစ်နေမယ်ဆိုရင် ယခင်ထွက်ချက်မှာ တိုင်ချက်က (သက်သေခံ - က) ပေးထားပါသည်။ ပြစ်မှုကြီးမှာ တရားလိုပြသက်သေတွေစစ်တော့ ရှာဖွေသက်သေဖြင့် ရှာဖွေပုံစံကို (သက်သေခံ - က) ဖြင့် သွင်းပြီးဖြစ်နေလျှင် (သက်သေခံ - က) (၂)ခုထပ်နေပါပြီဆရာ။

ဒီအခါမှာ ယခင်ထွက်ချက်က သက်သေခံ အမှတ်စဉ်ကို မကစားဘဲ

ယခုအမှုမှာ ထွက်ဆိုထားသည့် သက်သေထွက်ချက်အရ သက်သေခံစာရွက်စာတမ်း အမှတ်စဉ်ကို နေ့စဉ်မှတ်တမ်းအမိန့်ဖြင့် ပြောင်းလဲပေးလိုက်လျှင် အဆင်ပြေမည်ဟု ယူဆမိပါသည်ဆရာ။

ယခင်ထွက်ချက်က သက်သေခံအမှတ်စဉ်ကိုပြောင်းဖို့ကြတော့ ထွက်ချက် သက်သေခံ လက်ခံတာနှင့် ထွက်ချက်ထဲက သက်သေခံအမှတ်စဉ်ကို ပြင်တာရောဆိုတော့ (၂)ဆင့်ဖြစ်ပြီး ပိုမိုရှုပ်ထွေးမည်ဟုယူဆမိလို့ပါဆရာ။

နောက်တစ်ခုစဉ်းစားမိတာက သက်သေကို တရားခံပြေးမှုက အစီအစဉ်အတိုင်း စောင့်စစ်သွားမလားလို့ပါဆရာ။ ဒါပေမယ့် သိပ်တော့မလွယ်ဘူးထင်ပါတယ်။ ရုံးရှေ့ရောက်နေတဲ့သက်သေကို သက်သေအစီအစဉ်အတိုင်း စစ်မယ်ဆိုပြီး ရွှေ့ချိန်းဖို့ကလည်း ရုံးလာပြီးသားသက်သေကို အားနာစရာကောင်းတယ်ထင်ပါတယ်။

ဆရာခင်ဗျာ။အယူအဆလေး လွဲနေလျှင် သင်ပြပေးပါရန် တောင်းခံအပ်ပါသည်ဆရာ။ 

ရိုသေစွာဖြင့်။



လေးစားစွာဖြင့်         (TUN MYO HTAY)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...