Thursday, December 4, 2014

တရားမကျင့်ထုံးဥပဒေမှ မှတ်သားထားသင့်သော အချက်များ

တရားမကျင့်ထုံးဥပဒေမှ မှတ်သားထားသင့်သော အချက်များ


တရားမကျင့်ထုံးဥပဒေပုဒ်မ-၃၀

သက်သေခံအဖြစ် စာချုပ်စာတမ်းများကို သက်သေခံတင်ပြရန် ခွင့်ပြုမိန့် ချမှတ်ခြင်း
မည်သည့်အချိန်တွင်မဆို တရားရုံးတော်သည် မိမိသဘောဆန္ဒအရဖြစ်စေ၊ အမှုသည်တစ်ဦးဦး၏လျှောက်
ထားချက်အရဖြစ်စေ အောက်ပါ အမိန့်များကို ချမှတ်နိုင်ပါတယ်။
(က)  အမှုတွင် သက်သေအဖြစ် တင်ပြနိုင်သော အရေးကြီးသည့် စာချုပ်စာတမ်းများကို ရုံးရှေ့သို့ တင်ပြ၍ 
         စစ်ဆေးကြည့်ရှုစေခြင်း၊ မေးခွန်းများကို ဖြေကြားစေခြင်း စသည်တို့နှင့် စပ်လျဉ်း၍  သင့်တင့်လျော်ကန် 
         သော အမိန့်များကို ချမှတ်နိုင်ပါတယ်။
(ခ)    အထက်ဖေါ်ပြပါအတိုင်း စာချုပ်စာတမ်းများ တင်ပြရန်ဖြစ်စေ၊ သက်သေအထောက်အထား တင်ပြရန်
        ဖြစ်စေ  လိုအပ်လာလျှင် ထိုသို့ လိုအပ်သော သူများကို ရုံးရှေ့သို့ သက်သေခံလာရောက်ရန် သမ္မာန်စာ
        များဖြင့်  ဆင့်ခေါ်နိုင်ပါတယ်။
(ဂ)   မည်သည့် ဥပဒေ အချက်အလက်ကို ဖြစ်စေ၊ အကြောင်းခြင်းရာ အချက်အလက်ကို ဖြစ်စေ၊ ကျမ်းကြိမ်
        ချက်သစ္စာပြု၍ သက်သေထင်ရှားပြရန် အမိန့်ချမှတ်နိုင်ပါတယ်။


လုပ်ထုံးလုပ်နည်းများ-

(၁)လက်ရောက်ပေးအပ်ခြင်းနှင့် မေးခွန်းများကို ဖြေကြားခြင်း( အမိန့်-၁၁)
(၂)စာချုပ်စာတမ်းများ အချက်အလက်များ လက်ခံခြင်း ( အမိန့်-၁၂)
(၃)ရှာဖွေတွေ့ရှိခြင်းနှင့် စစ်ဆေးကြည့်ရှုခြင်းများ( အမိန့်-၁၁)
(၄)စာရွက်စာတမ်းများ တင်ပြခြင်း၊ သိမ်းဆည်းခြင်း၊ ပြန်ပေးခြင်းများ( အမိန့်-၁၃)
(၅)သက်သေခံချက်ပေးရန် လူများကို ဆင့်ခေါ်ခြင်း၊(အမိန့်-၁၆)
(၆)ကျမ်းကြိမ်ချက် သစ္စာပြုလွှာဖြင့် အချက်အလက်များကို သက်သေထင်ရှားပြခြင်း(အမိန့်-၁၉)


တရားမကျင့်ထုံးဥပဒေပုဒ်မ-၃၁

တရားပြိုင်များထံသို့ ရုံးတော်မှ ဆင့်ခေါ်စာများ ချမှတ်ခြင်းနှင့် ပြည်ပရောက်နေသူများအား နိုင်ငံတော်
အတွင်းရှိ တရားရုံးများသို့ လာရောက်အစစ်ဆေးခံရန် ဆင့်ခေါ်စာများ ချမှတ်နိုင်ပါတယ်။ ထိုသို့ ချမှတ်ခြင်း
မှာ လူကိုယ်တိုင် သက်သေခံရန်ဖြစ်စေ၊ အရေးကြီးသော စာချုပ်စာတမ်းများ တင်ပြရန်ဖြစ်စေ၊ ချမှတ်သော ဆင့်စာမျိုးဖြစ်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ-၃၂

ရုံးတော်သို့ မလာပဲ ပျက်ကွက်သူအား ပြစ်ဒဏ်ပေးခြင်း-
ပုဒ်မ-၃၀ အရ ဆင့်ခေါ်စာများ ပေးထားပြီးနောက် မလာရောက်ပဲ ပျက်ကွက်နေသူအား ရုံးတော်က အောက်
ပါအတိုင်း အရေးယူနိုင်ပါတယ်။
(က)  ပျက်ကွက်သူအား လူဖမ်းဝါရမ်းထုတ်ခြင်း၊
(ခ)    ပျက်ကွက်သူ၏ပစ္စည်းများကို ၀ါရမ်းကပ်၍ ရောင်းချခြင်း၊
(ဂ)   ငွေငါးရာကျပ်ထက်မပိုသော ဒဏ်ငွေချမှတ်ခြင်း၊(ယခုအချိန်အထိတော့ ပြင်ဆင်သည်ဟု မကြားမိသေး
        ပါ။ အကယ်၍ ပြင်ဆင်ချက်ရှိလျှင်တော့ ပြင်ဆင်သတ်မှတ်သည့်အတိုင်း ချမှတ်နိုင်ပါတယ်။)
(ဃ) ရုံးတော်သို့ လာရောက် အစစ်ဆေးခံရန်အတွက် အာမခံတင်သွင်းစေခြင်း၊
         ထို့ပြင် ပျက်ကွက်ပါက ထိုသူအား တရားမထောင်ဒဏ် ချမှတ်နိုင်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။
အသေးစိတ် လုပ်ထုံးလုပ်နည်းများကို အမိန့်-၁၆၊နည်း-၁၀ မှ ၁၃ အထိနှင့်၊ နည်း-၁၇၊ နည်း-၂၁တို့ကို လေ့
လာပါ။


အောင် စိုး (ပြည်)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...