Tuesday, December 2, 2014

မေးလာလျှင် ရုတ်တရက် အဖြေပေးရန် ဇဝေဇ၀ါဖြစ်လေ့ရှိသော မေးခွန်းအချို့။

(ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြဿ     နာ အမှတ် - ၈ ၊ စာ-၂၅၃)


မေး။ ။ ဥပဒေအရာရှိက ပယ်လိုက်သော တရားလိုပြသက်သေကို တရားခံက တရားခံပြသက်သေအဖြစ် သက်သေပြခွင့်ရှိပါသလား။

ဖြေ။ ။ တရားလိုဘက်က ပယ်လိုက်ပြီးဖြစ်သဖြင့် တရားခံပြသက်သေအဖြစ် စစ်ဆေးနိုင်ပါသည်။





မေး။ ။တရားရှင်လွှတ်ထားသော တရားခံကို တရားခံဘက်က သက်သေတင်ပြခွင့် ရှိမရှိ သိလိုပါတယ်။

ဖြေ။ ။ တရားရှင်လွှတ်လိုက်သောသူသည် တရားခံမဟုတ်တော့သည့် အတွက် တရားခံပြသက်သေ အဖြစ် ပြနိုင်ပါသည်။

  • Tun Myo Htay

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...