Saturday, December 6, 2014

ချေလွှာမတင်ခင် တရားပြိုင်က ကန့်ကွာလွှာများတင်သွင်းသည့် ကိစ္စ



ချေလွှာမတင်ခင် တရားပြိုင်က ကန့်ကွာလွှာများတင်သွင်းသည့် ကိစ္စနှင့်စပ်လျဉ်း၍



တရားရုံးများတွင် ချေလွှာမတင်မီ တွင် တရားပြိုင်များက

- စီရင်ပိုင်ခွင့်မရှိကြောင်း၊
- အမှုသည်အဖြစ်မှ ဖယ်ထုတ်သင့်ကြောင်း၊
- အမှုတန်ဖိုး / ရုံးခွန်တံဆိပ်ခေါင်း ကိစ္စ
- သက်သာခွင့်များကို မှားယွင်းပူးတွဲသည့်ကိစ္စ
- အမှုသည် မစုံလင်သည့်ကိစ္စ စသည်ဖြင့်

တရားလို၏ အဆိုလွှာပါ ဖော်ပြချက်များနှင့် ပတ်သက်၍ ကန့်ကွက်ချက်များကို ချေလွှာမတင်မီ ပဏာမကန့်ကွက်လွှာများတင်သွင်းတတ်ကြပါသည်။

တရားပြိုင် အနေဖြင့် တရားလို၏အဆိုလွှာပါအကြောင်းအရာများနှင့်ပတ်သက်၍ အမှုတွင် မိမိထုချေတင်ပြလိုသည့် ချေပချက်၊ ကန့်ကွက်ချက်အားလုံးကို ချေလွှာတွင်သာ ထည့်သွင်းချေပရမည်ဖြစ်ပါသည်။

ချေလွှာမတင်မီ အဆိုလွှာအပေါ် ကန့်ကွက်လွှာများ တင်သွင်းခွင့်ရှိမည် မဟုတ်ပါ။ (ခြွင်းချက်အနေဖြင့် အဆိုလွှာနှင့်စပ်လျဉ်း ၍ အမိန့် - ၆၊ နည်း - ၁၆ အရ ပြဌာန်းချက်ပါ အကြောင်းအချက်များရှိနိုင်ပါသည်။)

ချေလွှာတွင်ထည့်သွင်းချေပပြီး ဥပဒေဆိုင်ရာအငြင်းပွားချက်ဖြစ်ပါက ပဏာမငြင်းချက်အဖြစ် ထုတ်နှုတ်ကြားနာ၍ အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ညွှန်ကြားထားသည့် ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားချက် အမှတ် - ၁၈ အား လေ့လာသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။


လေးစားစွာဖြင့်။


TUN MYO HTAY

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...