Saturday, December 6, 2014

တရားမနစ်နာမှုဥပဒေပါ-ပေါ့ဆခြင်း (Negligence) အကြောင်း



တရားမနစ်နာမှုဥပဒေပါ-ပေါ့ဆခြင်း (Negligence) အကြောင်း




ဥပဒေဗဟုသုတ


●လူသတ္တဝါတို့ဆောင်ရွက်ပြုမူချက်များကိုသာမန်အမျှော်အမြင်ရှိသူ

တစ်ဦးတစ်ယောက်၏ဆောင်ရွက်ပြုမြဲအတိုင်းဆောင်ရွက်နေရမည်။ဆောင်ရွက်သင့်သလောက်မဆောင်ရွက်သို့မဟုတ်ပျက်ကွက်လျှင်ထိုသူသည်"ပေါ့လျော့သည်"ဟုမှတ်ယူရမည်။

●ဆောင်ရွက်ရန်ဝတ္တရားရှိလျက်ပျက်ကွက်လျှင်ပေါ့လျော့သည်ဟုဆိုနိင်သည်။တစ်နည်းဆိုသော်သတိနှင့်ဆောင်ရွက်ရန်တာဝန်များမရှိသည့်ကိစ္စများတွင်ပေါ့လျော့သည့်ကိစ္စသည်

ပြဿနာအဖြစ်မပေါ်ပေါက်နိင်ပါ။ပေါ့လျော့ခြင်းကိစ္စအတွက်တရားမစွဲနိင်ပါ။

●မည်ရွေ့မည်မျှသတိနှင့်ဆောင်ရွက်ရမည်ဆိုသည်မှာအမှု၏အခြေအနေကိုလိုက်၍ကွဲပြားခြားနားသည်။သာမန်အမှုမျိုးတွင်သာမန်အမျှော်အမြင်ရှိသူတစ်ဦးကသတိပြုသလောက်

သတိရှိလျှင်လုံလောက်ပါသည်။သို့ရာတွင်အထူးကျွမ်းကျင်သူသည်ဟုဆိုသူတစ်ဦးတစ်ယောက်ကဆောင်ရွက်ရန်သဘောတူလျှင်ထိုသူသည်အသာမန်အမျှော်အမြင်ရှိသူထက်ပိုမိုသတိပြုရမည်။

ဥပမာ-ရှေ့နေများ ၊ဆရာဝန်များ ၊သည်၎င်းတို့၏အသက်မွေးဝမ်းကြောင်းအလုပ်တွင်၎င်းတို့သည်အထူးကျွမ်းကျင်သူများဟုဆိုပါသည်။

အထူးကျွမ်းကျင်သူများဟုသတ်မှတ်နိင်သူများ၏ပေါ့လျော့စွာပြုလုပ်မှုကြောင့်ပြုလုပ်ခြင်းခံရသူတွင်နစ်နာဆုံးရှုံးမှုပေါ်ပေါက်ခဲ့လျှင်နစ်နာသူဘက်မှအောက်တွင်ဖေါ်ပြပါအချက်များကိုသက်သေပြသ၍တရားမနစ်နာမှုဥပဒေအရတရားစွဲဆိုနိင်ပါသည်။

(၁)နစ်နာအောင်ပြုသူသည်သင့်လျော်သောသတိဝိရိယကျမ်းကျင်မှုဖြင့်ဆောင်ရွက်ရန်ဝတ္တရားရှိရမည်။

(၂)တာဝန်ဝတ္တရားသည်နစ်နာအောင်ပြုခြင်းခံရသူနှင့်ပတ်သက်သည့်ဝတ္တရားမျိုးဖြစ်ရမည်။

(၃)နစ်နာအောင်ပြုသူသည်မိမိဝတ္တရားများကိုကိုမဆောင်ရွက်ပေးခဲ့ခြင်းကြောင့်နစ်နာသူသည်တိုက်ရိုက်နစ်နာစေရမည်။

(၄)နစ်နာအောင်ပြုသူသည်သတိဝိရိယကျွမ်းကျင်မှုနှင့်ဆောင်ရွက်ရန်ပျက်ကွက်မှုဖြစ်ရမည်။

(၅)နစ်နာအောင်ပြုလုပ်သူသည်မိမိအလုပ်ဝတ္တရားများကိုဆောင်ရွက်ရန်ပျက်ကွက်ခြင်းကြောင့်နစ်နာဆုံးရှုံးမှုပေါ်ပေါက်ရမည်။

အထက်ပါအချက်(၅)ချက်နှင့်ပတ်သက်ပြီးနစ်နာအောင်ပြုခြင်းခံရသူဘက်မှသက်သေထင်ရှားပြသနိင်မှသာလျှင်တရးမနစ်နာမှုဥပဒေ

အရတရားစွဲဆိုအနိင်ရရှိ၍တောင်းဆိုသည့်သက်သာခွင့်ရနိင်မည်ဖြစ်ပါသည်။         ။ 



ဥပ​ဒေ ဗဟုသုတ မှ မျှ​ဝေပါသည်​။


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...