Saturday, December 6, 2014

ဥမကွဲ အသိုက်မပျက် (၃)


ဥမကွဲ အသိုက်မပျက် (၃)


ရက်စက်ကြမ်းကြုတ်စွာ ပြုလုပ်လျှင် တစ်ကြိမ်တစ်ခါပင် ဖြစ်စေကာမူ မယားဖြစ်သူသည် မယားဖြစ်သူသည် ကွာရှင်းခွင့်ရှိပါတယ်။ 
သို့သော်လည်း လင် ဖြစ်သူ သည် မယားအား စွန့်ပစ်ခြင်းသည် မယားအား စိတ်ဆင်းရဲမှု ဖြစ်စေနိုင် သည် မှန်သော်လည်း ယင်း စိတ်ဆင်းရဲမှုမှာ လင် မယားကွာရှင်းမှုကို ရရှိစေနိုင် သော အိမ်ထောင် ရေး ပြစ်မှုတစ်ရပ်ဖြစ်သည့် ရက်စက်မှုမျိုးတွင် အကျူံးဝင် သည်ဟု မဆိုသာကြောင်း မခင် သိန်း နှင့် မောင်ညံပို အမှု  ၁၉၇၉-ခုနှစ်၊တရားမဒုတိယအယူခံမှုအမှတ်-၇၅(မန္တလေး)မှာ ဆုံးဖြတ်ထားတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

မစ္စစ်ပါးလ်ကျော် နှင့် ဦးကျော်(၁၉၆၇-ခုနှစ်၊မတစ၊စာ-၂၄၉၊ ရုံးချုပ် )နှင့်မစ္စစ်သန်းထွန်း  နှင့်ဦးသန်းထွန်း(၁၉၆၇-ခုနှစ်၊မတစ၊စာ-၂၅၆)အမှုတို့မှာတော့ ရက်စက်မှု ဆိုသည် မှာ ကိုယ်ခန္ဒာကို သော်လည်းကောင်း၊ အသက်ကိုသော်လည်းကောင်း၊ အန္တရာယ်ဖြစ်စေလိမ့်မည်ဟု စိုးရိမ်မကင်း ဖြစ်စေမည့် ပြုမူချက်ကို ဆိုလိုတယ်လို့ ဖေါ်ပြထားတာတွေ့ရှိရပါတယ်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင် နဲ့ မယားတို့ဟာ တစ်ခါတစ်ရံမှာတော့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပဋိပက္ခဖြစ်ကာ စိတ်လိုက်မာန်ပါ လင် က မယားကို ရိုက်နှက်ဆုံးမခြင်းမျိုးကို ဥပဒေအရ ရက်စက်မှု ကျူး လွန်သည်ဟု မဆိုနိုင်သော်လည်း မကြာခဏ လင် က မယားဖြစ်သူအား ကိုယ်ထိ လက်ရောက် ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲခြင်းစသည့် ပြုမူချက်များကို ပြုလုပ်ခဲ့ပါလျှင် လင် ဖြစ်သူသည် ရက်စက်မှုကို ကျူးလွန်ခဲ့သည်ဟု ကောက်ယူရမည်ဖြစ်ကြောင်း - 
မစ္စစ်ပါးလ်ကျော် နှင့် ဦးကျော်(၁၉၆၇-ခုနှစ်၊မတစ၊စာ-၂၄၉၊ ရုံးချုပ် )အမှုမှာပဲ သုံးသပ်ဆုံးဖြတ်ထားတာတွေ့ရပြန်ပါတယ်။
လင် ဖြစ်သူဟာ မယားဖြစ်သူအား နာကြည်းအောင် လင် ငယ် နေသည်ဟု အစဉ်သဖြင့် မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသည် တရား ဥပဒေ အရ ရက်စက်မှုဖြစ်တယ်လို့ မောင် ဖိုးသာအောင် နှင့် မညိမ်းအမှု(10 . BLR -132)မှာ ကောက်ယူဆုံးဖြတ်ထား တာကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။

ထို့အတူ မောင် အုန်းကျော် နှင့် မလှမူ(AIR-1934,Rangoon-272)အမှုမှာတော့ လင် သည် ထင်ရှားအောင် သက်သေမပြနိုင် ဘဲ မယားဖြစ်သူအား လင် ငယ်နေသည်ဟု အစဉ်စွပ်စွဲသည်။ ထို့ပြင် မယားဖြစ်သူအား ၄င်း၏မိဘများအိမ်သို့ မသွားရန် တားမြစ်သည်။ တားမြစ်၍ မရသောအခါ ရိုက်နှက်သည်။ လင် သည် ရက်စက်သူဖြစ်သည်ဟု ဆုံးဖြတ်ထုံးဖွဲ့ထားတာတွေ့ရပါတယ်။

ဒါပေမယ့် အသေးအဖွဲရန်ဖြစ်မှုများကတော့ ရက်စက်မှုဖြစ်တယ်လို့ မဆိုနိုင် ကြောင်း မောင် ကျော်ရင် နှင့် မညို ဦး အမှု (7,BLT.page-16) မှာ ဆိုထားတာကိုလည်း လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။      ။


အောင်​စိုး (ပြည်​)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...