Thursday, December 4, 2014

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၁၄ အရ ခံဝန်ချုပ် ဖေါက်ဖျက်ခြင်း

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၁၄ အရ ခံဝန်ချုပ် ဖေါက်ဖျက်ခြင်း

             
 သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက တရားခံပြေးမှုများမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၁၂ အရ တရားခံ
ပြေးမှုအပြင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၁၄ အရပါ တရားခံကို ခံဝန်ချုပ်ဖေါက်ဖျက်မှုနှင့် ပြစ်မှုဆိုင်
ရာ အထွေထွေမှုများ စွဲတင်လေ့ရှိပါတယ်။ 
                     အဲလို စွဲတင်တဲ့အခါ အမှုတွဲမှာပါတဲ့ စာရွက်စာတမ်းများကို စီစစ် တဲ့အခါ ရဲစက္ကူတွေမှာပါတဲ့ ခံဝန်ချုပ်ပုံစံကို သေချာစွာ စစ်ဆေးပါ။ စစ်ဆေးတဲ့ အခါ တရားခံလက်မှတ်ထိုးထားခြင်း ရှိ/ မရှိ၊ ခံဝန်ချုပ်ကို မည်သူ့ရှေ့မှာ ချုပ်ဆိုတာလဲ၊ အာမခံပေးသူဟာ ရဲအုပ်အဆင့်ဟုတ်ရဲ့လားစတာတွေ စီစစ်ပါ။ မညီညွတ်တဲ့ ကိစ္စတွေတွေ့ရင် ဘာမျှ မပြောဘဲ အထွေထွေမှုဖွင့်ပေးလိုက်ပါ။ အမှန်က တော့ ဒီလိုအပ်ချက်တွေကို သက်ဆိုင်ရာ ရဲစခန်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းတပ်ဖွဲ့၊မြို့နယ်ဥပဒေရုံးတို့ကအဆင့်ဆင့်စီစစ်ပြီးဖြတ်ကျော် လာခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီရုံးများဟာ စီစစ်ရမယ့်ဟာ တွေကို စီစစ်ဖို့အားနည်းပြီး တံဆိပ်တုံးထု၊ လက်မှတ်ထိုးရုံသာ ထိုးပေးလိုက်တာပါ။ 
                 ဒီတော့ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းရဲ့ ချို့ယွင်းချက်၊ ပေါ့ဆချက်၊ လိုအပ်ချက်တွေကို တရားရုံးက  ဖြည့် စွက် ပေးဖို့ရာ တာဝန်မရှိပါဘူး။အမှုဖွင့်ပြီးတော့မှ မှတ်မှတ်သားသားလေးဖြစ် သွားအောင် အောက်က စီရင်ချက် လေးကို ကိုးကားပြီး အမိန့်လေးသာ ချမှတ်ပေးလိုက်ပါ။ ဒါဆို နောက်မပေါ့ ရဲတော့ပါဘူး။ တစ်ခါ တစ်ရံကိုယ်က စေတနာနဲ့စီစစ်ပေးနေပေမယ့်အမှားတွေဟာထပ်တလဲလဲဖြစ်နေတတ် တာတွေ့ရပါတယ်။ 
                တစ်ခါတစ်ရံ အဆိုးဆုံးကတော့ ခံဝန်ချုပ်ပုံစံမှာ မူလက ချုပ်တုန်းက ၅၀၀၀၀၀ိ/-အာမခံသူ(၂)ဦး
ဖြစ်ပေမယ့် ရုံးကို စွဲတင်တဲ့အခါ Correction နဲ့ ဖျက်ပြီး သုံညနှစ်လုံးဖြုတ်ကာ ငါးထောင်ကျပ်သာဖြစ်သွားတာ မျိုးလည်း ရှိတတ်ကြပါတယ်။ ဒီလိုအခါ အဲဒီ Correction နဲ့ ဖျက်ထားတာ ကိုယ်မဖြစ်ဖို့ အမှုတွဲလာတင်တဲ့ စာရေးကို ဖျက်ရာနေရာမှာ လက်မှတ်ထိုးခိုင်း ဖို့လိုပါတယ်။ ဒါ့ထက်ပို ဆိုးတာလည်း ရှိပါသေးတယ်။
ဥပဒေအရာရှိက အကြံပြုလိုက်တာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၀၆ နဲ့ ၄၂၀ ဖြစ်ပေမယ့် ဥပဒေရုံးနဲ့ တရားရုံး ကြားမှာ ၄၂၀ ပျောက်သွားပြီး ၄၀၆ တစ်ခုတည်းပဲ ကျန်တတ်သလို ၄၀၆ ကိုဖျက်ပြီး ၄၂၀ ပဲဖြစ်သွားတတ်
တာမျိုးကိုလည်း တရားသူကြီးများ သတိထားသင့်ပါတယ်။        
                   ရဲအရာရှိက ရယူသည့် အာမခံ ခံဝန်ချုပ်ကို တရားခံက ဖေါက်ဖျက်ခြင်းအတွက် အာမခံသူများ အပေါ် ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၁၄ အရ အရေးယူခြင်းသည်ဥပဒေအရမှန်ကန်ခြင်း ရှိ/ မရှိကိစ္စ။

ဆုံးဖြတ်ချက်။


                အာမခံမပေးနိုင်သော ပြစ်မှုဖြင့် စွပ်စွဲခံရသူကို အာမခံပေးနိုင်ခွင့်မှာ  ရဲစခန်းမှူးနှင့် တရားရုံးတို့
သာ ဖြစ်သည်။ စခန်းမှူးအောက်နိမ့်သော အရာရှိက အာမခံမပေးနိုင်။ ဤအမှုတွင် မည်သူက အာမခံပေးကြောင်း ဖေါ်ပြမထားပေ။ အမှုဖွင့်တိုင်ကြားသူ ဒုရဲအုပ်ဌေးဝင်း၏ တိုင်ကြားချက်တွင်လည်း  ယင်းအကြောင်းကို ဖေါ်ပြမထားပေ။ ခံဝန်ချုပ်ကို မည်သူ၏ရှေ့တွင် ပြုလုပ်ကြောင်းကိုလည်း ခံဝန်ချု ပ် တွင် ဖေါ်ပြမထားပေ။တရားခံအား (ပ)နံပါတ်-၆၄၈/၉၉ တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၀၆ အရ အမှုဖွင့် ထားသော်လည်း ခံဝန်ချုပ် တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၂၀ ဟု ဖေါ်ပြပြီး ခံဝန်ချု ပ် ချုပ်ဆိုထားသည် ကို တွေ့ရသည်။ သို့ဖြစ်ရာ အဆိုပါ ခံဝန်ချုပ်သည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်သော ခံဝန်ချုပ်ဖြစ် သည်ဟု ဆိုနိုင်ရန် ခဲယဉ်းပေသည်။

ဦးအောင်ကြည်ပါ-၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ( ၂၀၀၁-ခုနှစ်၊ မတစ၊ စာ-၁၁၃  )ဆရာဦးသောင်းထွန်း၊တွဲညွှန်၊တရားရုံးချုပ်ပြုစုသော မြန်မာနိုင်ငံတရားစီရင်ထုံးပေါင်းချုပ်(ပြစ်မှုတရားစီရင်ရေး
၁၉၇၄-၂၀၀၅)စာအုပ်တွင် လည်း ဖတ်ရှု နိုင်ပါသည်။

အောင် စိုး (ပြည်)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...