Saturday, December 6, 2014

စွဲချက် နှစ်ခွ တင်နည်း။


စွဲချက် နှစ်ခွ တင်နည်း။

xxxxxxxxxxxxxxxxxxxxxx

တရားခံသည် မည်သည့် ပြစ်မှုကို ကျူးလွန်ကြောင်းမဝေခွဲနိုင်သည့် အခါ စွဲချက်တင်ရန်နည်းလမ်း ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ -၂၃၆ တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

" ပြုလုပ်မှု တစ်ခု သို့မဟုတ် ဆက်လက်၍ တစ်ဆက်တည်းပြုလုပ်မှု သည် ထင်ရှားအောင်ပြုလုပ်နိုင်သည့် အကြောင်းခြင်းရာများကို ထောက်ရှု၍ ပြစ်မှု အမြောက်အမြား အနက် မည်သည့်ပြစ်မှုမြောက်မည်ကို မဝေခွဲနိုင်သည့် အခါမျိုးတွင် ၄င်းပြစ်မှု အရပ်ရပ်ကိုဖြစ်စေ၊ ၄င်းပြစ်မှုများအနက် ပြစ်မှုတစ်ရပ်ရပ်ကိုဖြစ်စေ၊ ကျူးလွန်ကြောင်းဖြင့် တရားခံကို စွဲချက်တင်နိုင်သည်။ ထို့ပြင် စွဲချက်များအနက် စွဲချက်အရေအတွက်မည်မျှကိုမဆို တစ်ပြိုင်နက်တည်း စစ်ဆေးစီရင်နိုင်သည်။ သို့မဟုတ် ဆိုခဲ့သည့် ပြစ်မှုများအနက် တစ်ခုခုကို ကျူးလွန်ကြောင်းနှင့် ၄င်းတရားခံအပေါ်တွင် စွဲချက်တင်နိုင်သည်။"

စွဲချက် နှစ်ခွတင်ပုံကို ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြဿ နာ အမှတ် - ၈ ၊ စာ -၂၇၀ တွင်

" စွဲချက်သုံးခုတင်သော ပုံစံကို သုံးပြီး စွဲချက်တစ်ခု နှင့် တစ်ခုကြားတွင် "သို့မဟုတ်" ဟူသောစကားကိုရေးရန်ဖြစ်ပါသည်။ အပြစ်ပေးလျှင် ပုဒ်မ တစ်ခုခုအရသာ အပြစ်ပေးနိုင်ပါသည်။" ဟု လမ်းညွှန်ထားပါသည်။


လေးစားစွာဖြင့်။

TUN MYO HTAY

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...