Saturday, December 6, 2014

ဥမကွဲ၊ အသိုက် မပျက် ( ၄ )


ဥမကွဲ၊ အသိုက် မပျက် ( ၄ )



ယခင် (၁၄-၇-၁၄)နေ့မှ ဆက်ဖတ်ပါရန်

 “သို့ရာတွင်လင်ဖြစ်သူ၏လက်ရောက်ကျူးလွန်မှုများသည်တစ်ခုစီခွဲခြားဝေဖန်ပါကရက်စက်မှုဖြစ်ရန်မလုံလောက်သော်လည်းစုပေါင်းပြီးစဉ်းစားသော်ရက်စက်မှု ဖြစ်နိုင်ရန်လုံလောက်ပေသည်။ယခင် ပြစ်မှုများ ကျူးလွန်စဉ်အခါကမယားကတိုင်တန်းခြင်း၊ကွာရှင်းရန်စွဲဆိုခြင်းမပြုခဲ့စေကာမူထိုပြစ်မှုများကိုခွင့်လွတ်ပြီး ဖြစ်သည်ဟုမဆိုသာပေ”ဟုမပန်းညွန့် နှင့် မောင် အောင်သက်အမှု(10,BLT.page228)မှာ
သုံးသပ်ထုံးဖွဲ့ထားတာကလည်းမှတ်သားစရာ ကောင်းလှပါတယ်။
   မောင်ကြွယ် နှင့်မသိန်းတင်အမှု(ရန်ကုန်၊စာ၇၉၀၇၉၄)အမှုစီရင်ထုံးမှာတော့ အောက်ပါအတိုင်းသုံးသပ်
ထားတာကို တွေ့ရှိရပါတယ်။
 “လင်သည်မယားအပေါ်ကိုယ်ထိလက်ရောက်မကြာခဏကျူးလွန်၍လူကြီးများထံ ရောက်ပြီး နောက်တစ်ကြိမ် လင် က ထိုကဲ့သို့ ကျူးလွန်ပါကမယားတွင်ကွာရှင်းခွင့်ရှိကြောင်းသဘောတူညီချက် ရေးသားထားသည်။ ထို့နောက် လင် မယားရန်ဖြစ်ပြီး လင် က မယားအား လက်သီးနှင့် ထိုးပြီး ခြေထောက်နှင့် ကန်သည်။ ထိုအပြုအမူသည် ယခင်က ခွင့်လွှတ်ပြီးသည့် ပြစ်မှုများကို ပြန်လည်အသက်သွင်းပေးရာ ရောက်ပြီး လင်၏ အပြုအမူသည် ရက်စက်မှု ကျူးလွန်ကြောင်း ထင် ရှားသည်။ ”
 လင် ဖြစ်သူသည်မယား၏အရှင်သခင် ဖြစ်သည်ဆိုသော ရှေးဟောင်းအယူအဆများမှာ ခေတ်ကုန်ပြီ ဖြစ်ပေ
သည်။ယခုခေတ်တွင်လင် နှင့်မယားသည်တန်းတူအခွင့်အရေးရှိပေသည်။လင်သည်မယားအားရိုက်နှက်ဆုံးမ
ခွင့် ရှိသည်ဟု ဓမ္မသတ်များတွင် ပြဆိုထားသော်လည်း ယခုခေတ်လူမှုရေးအရလင်သည်မယားအားအနည်း ငယ်မျှပင်လျှင်ရိုက်နှက်ခွင့်မရှိပေဟု၁၉၆၈ခုနှစ်ကဆုံးဖြတ်ခဲ့သော-ဦးမျိုးမြင့် နှင့် ဒေါက်တာဒေါ်ခင်မေကြည် အမှု(၁၉၆၈-ခုနှစ်၊တပယူအမှတ်၁{ရုံးချုပ်}တွင် သုံးသပ်ဆုံးဖြတ်ထားတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။
(*တပယူ=တရားမပထမအယူခံမှု)
    အထက်တွင် လေ့လာတွေ့ရှိခဲ့သော စီရင် ထုံးများကို ဂရုပြုလေ့လာမည်ဆိုပါက ပြောင်းလည်းလာသည့် လူမှုရေးစနစ်နှင့် အတွေးအခေါ်အယူအဆများအရ အမျိုးသမီးများ၏ အခွင့်အရေးများမှာလည်း တိုးတက်လာ တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အထက်ပါ ဦးမျိုးမြင့် နှင့် ဒေါက်တာဒေါ်ခင်မေကြည့်အမှုကို တရားရုံးချုပ် က ၁၉၆၈-ခုနှစ်မှာဆုံးဖြတ်ခဲ့တဲ့အတွက်လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၅)နှစ်ကျော်ကဆုံးဖြတ်ခဲ့တယ်ဆိုတာ တွေ့ရှိရမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၀)ကျော်ကပင်“ယခုခေတ်လူမှုရေးအရလင်သည်မယားအားအနည်းငယ်မျှပင်ရိုက်နှက် ခွင့်မရှိပေ”ဟုဆုံးဖြတ်ထားခဲ့တာကြောင့်ယခုအခါဆိုလျှင်အမျိုးသမီးများရဲ့အခွင့်အရေးများဟာလည်း နှစ်ပေါင်း
(၄၀)ကျော်နှင့်အညီတိုးတက်ပြောင်းလည်းလာပြီလို့သုံးသပ်ရမှာဘဲ ဖြစ်ပါတယ်။(လွန်ခဲ့တဲ့နှ နှစ်၄၀ကျော်က
အနည်းငယ်မျှပင်ရိုက်နှက်ခွင့်မရှိဟုသုံးသပ်ဆုံးဖြတ်ခဲ့လျှင်ယခုခေတ်ဆိုလျှင်လက်ဖျားနှင့်ပင် တို့ခွင့် မရှိဟု ဆိုလေမည်လားမသိနော်)
    ယောင်္ကျားက ရက်စက်မှု ကျူးလွန်သဖြင့်မိန်းမဖြစ်သူကကွာရှင်းလိုကြောင်းရုံးမှာ လျှောက်ထားလာသည်။ ရုံးရှေ့စစ်ဆေးရာတွင်လင်ဖြစ်သူသည်နောင်တရရှိရမည့်အစား၎င်းကပင်လိုလိုလားလားကွားလိုကြောင်း
  ပြသလျှင် သော်လည်းကောင်း၊ထိုသို့ကျူးလွန်ခြင်းမှာတစ်ဘက်သားအားကွာရှင်းခွင့်ကို တောင်းဆိုစေရန်
ရည်ရွယ်ချက်ဖြင့် ပြုလုပ်လျှင် သော်လည်းကောင်း၊ မိန်းမတွင် ရရှိသော ဒဏ်ရာမှာ ပြစ်မှုဆိုင် ရာ ဥပဒေ ပုဒ်မ-၃၂၀ မှာ ပြဆိုထားသည့် အပြင်းအထန်နာကျင်စေမှုဖြစ်လျှင် သော်လည်းကောင်း၊ အဆိုပါ ရက်စက်မှု သည် ကြီးလေးလာသဖြင့် ၄င်းအချက်များ ပေါ်လွင် လျှင် ကြီးလေးသော ရက်စက်မှု ဖြစ်သည်ဟု ဆိုရ မှာ ဖြစ်ပါတယ်။ ကြီးလေးသော ရက်စက်မှုကြောင့် ကွာရှင်းခွင့်ရလျှင်လင်ဖြစ်သူ(သို့မဟုတ်)ပြစ်မှုကျူးလွန်သူ သည် ပါရင်းပစ္စည်းအပါအ၀င် နှစ်ဦးပိုင် ပစ္စည်းရှိ ၄င်း၏ အစုကို  ဆုံးရှုံးခြင်းခံရမှာလည်း ဖြစ်ပါတယ်။
    အထက်မှာ တင်ပြခဲ့တဲ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင် မယားကွာရှင်းရေးနှင့် ပတ်သက်ပြီး အမြင့် ဆုံးတရားရုံးတို့ကဆုံးဖြတ်ခဲ့တဲ့စီရင်ထုံးများကိုပြန်ပြီး လေ့လာကြမယ်ဆိုရင်တော့ ခေတ်ဟာတစ်ဖြည်းဖြည်းပြောင်း
လည်းလာနေတာနဲ့အမျှ  မြန်မာနိုင်ငံဟာလည်းလိုက်ပါ ရွေ့လျားနေကြရပါတယ်။
 မြန်မာနိုင်ငံအတွင်း နေထိုင်တဲ့ မြန်မာအမျိုးသမီးတို့ရဲ့အခွင့်အရေးများဟာလည်း ပြောင်းလည်းလာတဲ့ ခေတ်နှင့် လိုက်လျောညီထွေ ဖြစ်လာကြရပါမယ်။ 
ဒီလိုအခြေအနေမှာဟိုတုန်းကမှန်တယ်လို့ထင် မြင်ယူဆချက်များ၊ဆုံးဖြတ်ချက်များဟာဒီခေတ်ဒီအခါမှာတော့
 ဟောင်းနွမ်းဆွေးမြေ့တဲ့အတွေးအခေါ်များအဖြစ် ရောက်ရှိသွားပြီဖြစ်ပြီး ရာဇ၀င် ထဲမှာဘဲထားခဲ့ကြ ရတော့ မှာပါ။ ဒါကြောင့် လင် နှင့် မယားတို့ရဲ့ ဆက်ဆံရေးမှာ အတော် အတန် လက်ရောက်မှုကိုပင် “ ရက်စက်မှု ”မြောက်တယ်လို့လက်ခံယူဆလာသော ခေတ်သို့တစ်ဖြည်းဖြည်းကူးပြောင်းလာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လင်သည်မယားအား၁ကြိမ်(တစ်ကြိမ်)မျှရက်စက်မှုကျူးလွန်လျှင်ပင်ကွာရှင်းခွင့်ရရှိမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်း တင် ပြ လိုက်ရပါတယ်။
    ကျွန်တော့်အနေနဲ့ကတော့ ရုံးကို နှစ်ဦးသဘောတူ ကွာရှင်းလိုကြောင်း ရုံးကို ရောက်ရှိလာကြတဲ့ လင်မယားအတွဲများကိုဘယ်သောအခါမျှလွယ်လွယ်နဲ့ကွာရှင်းစာချုပ်လက်မှတ်ထိုး ပေးလေ့မရှိပါဘူး။
ရောက်လာသူအများစုဟာ သွေးပူနေတုန်း ရောက်လာကြတာမို့ မြန်မြန်လက်မှတ်ထိုးကြချင်ပေမယ့် ကျွန်တော်ကတော့တတ်နိုင်သမျှ ချက်ချင်းဆောင်ရွက်မပေးပါဘူး။ အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ၊ သားသမီးဘယ်နှစ်ယောက်ရပြီလဲ၊လင်မယားနှစ်ယောက်စလုံးဘာအလုပ်လုပ်ကိုင်စားသောက်ကြသလဲ၊
လစဉ် ၀င် ငွေ ဘယ်လောက်ရှိလဲ၊ နှစ်ဦးလုံးရဲ့ ပညာအရည်အချင်းကရော ဘယ်လောက်အထိ သင်ကြား ခဲ့သလဲ၊ အခုလက်ရှိ ကိုယ့်ဘာသာ အိမ်ခွဲနေတာလား၊ အိမ်ငှါးနေကြတာလား၊ နှစ်ဘက် မိဘများအနက် တစ်ဘက်ဘက်ကမိဘအိမ်မှာလိုက်နေကြရတာလား၊သားသမီးတွေရဲ့ပညာရေးကရောဘယ်နှစ်တန်း ရောက်ပြီလဲ၊ အခု ဘာကြောင့် ကွာရှင်းကြချင်တာလဲဆိုတာလေးတွေ စိတ်ရှည်လက်ရှည်မေးမြန်း တဲ့အပြင် အကယ်၍ ကွာရှင်းခဲ့ကြရင်လူမမယ်သားသမီးလေးများအတွက်ဘယ်မှာ နေကြမလဲ၊ဘယ်လိုစဉ်းစားထားကြသလဲကအစ
မေးမြန်းပြီး ကွာရှင်းခြင်းနောက်က ဖြစ်နိုင်ခြေပေါင်းများစွာကို ချပြပြီး အိမ်ပြန် စဉ်းစားကြဖို့ တစ်ရက်နှစ်ရက် အချိန်ပေးပြီးသူတို့ပြန်လာကြပြီး“သေသေချာချာစဉ်းစားပြီးပါပြီကွာရှင်းလိုပါတယ်”ဆိုတော့မှဘဲကွာရှင်းပေး
တတ်ပါတယ်။များသောအားဖြင့်လည်းစဉ်းစားခိုင်းလိုက်တဲ့အတွက် သွေးအေးသွားပြီးမကွာရှင်းဖြစ်ကြတော့ပါဘူး။ 
    မိဘနှစ်ပါးကွာရှင်းကြခြင်းဟာ အဲဒီမိဘနှစ်ပါးရဲ့ စိတ်ခံစားမှုကြောင့် ဆိုပေမယ့် သူတို့က မွေးဖွားလို့ ကြီးပျင်းလာကြရမယ့် သားသမီးငယ်များရဲ့ဘ၀ကတော့ကြီးပျင်းတဲ့အထိစိတ်ဒဏ်ရာများရရှိသွားကြမှာပါ။
 နောက်ဆက်တွဲတွေလည်း အများကြီးပါဘဲ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာမိသားစုများ ဥမကွဲ၊ အသိုက် မပျက်  ပေါင်းဖက်စေချင်ကြတဲ့ သဘောနဲ့ရော၊အများပြည်သူအနေနှင့်ဥပဒေပညာဗဟုသုတရရှိကြစေလိုတဲ့
 စေတနာအပြင်  ဥပဒေပညာ ဆည်းပူးနေကြတဲ့ ကလေးငယ်များ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေပါ လင်မယား ကွာရှင်း ပြတ်စဲခြင်းနဲ့ ပတ်သက်တဲ့ မှတ်စုလေးများလည်း ရရှိစေချင် တာကြောင့် ဒီကဏ္ဍလေးကို တင်ပြ လိုက်ရတာပါ။
 ဥမကွဲ၊ အသိုက်မပျက် ကဏ္ဍလေးကတော့ ဒီမှာ အဆုံးသတ်ပါတယ်။
များမကြာခင် မှာ ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေပုဒ်မ- ၄၈၈(၁)(၂)တို့ပါ မယားစရိတ်ထောက်ပံ့ကြေးလစဉ် 
နှုန်းထားများ ခေတ်နှင့်အညီ သတ်မှတ်ပြဋ္ဌာန်းတော့မှာ ဖြစ်ပါတယ်။ ခုချိန်မှာ မယားစရိတ်နဲ့ ကလေး စရိတ် က တစ်ယောက်တစ်လ (၁၀၀ိ/-)မကျော်တဲ့အတွက် တရားရုံးတွေမှာပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေအရ မယားစရိတ် လျှောက်ထားမှု မရှိသလောက် ရှားပါးပေမယ့် လွှတ်တော်က အတည်ပြုပြီးတာနဲ့ အဲဒီအမှုတွေ 
အများအပြား လျှောက်ထားလာကြဘွယ် ရှိပါတယ်။ ဒါကြောင့် ကြိုတင် ပြင်ဆင်နိုင်ကြဖို့ မယားစရိတ်၊ ကလေးစရိတ်လျှောက်ထားခြင်းများအကြောင်း၊စစ်ဆေးပုံများကို ဆက်လက်တင် ပြသွားပါမယ်။
အားလုံးကို ကျေးဇူးတင် ပါတယ်။

ေ အာ င် စိုး ( ပြည် )

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...