ယနေ့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျွန်တော် ဒီ Blog ကို တည်ထောင်လိုက်ပါတယ် ခင်ဗျာ။
Blog နာမည်ကတော့ . . .
ဦးလွှမ်းမိုးအောင် (ဥပဒေပညာ မျှဝေခြင်း)
လို့ အမည်ပေးထားပါတယ်။
ဒီဘလော့ဂ်မှာ တင်ဆက်ပေးမယ့်ပုံစံကတော့ ဥပဒေရေးရာ ပို့စ်များနဲ့ ပညာမျှဝေပေးနေကြတဲ့ ဥပဒေပညာရှင်၊ ၀ါသနာရှင်များရဲ့ ပို့စ်များကို စိတ်ကြိုက် ရွေးချယ်ပြီး ပညာမျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော့် Blog မှာ ကျွန်တော့်ဆရာလို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်များရဲ့ post များကို ပြန်လည်မျှဝေ သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ဆရာများရဲ့ Facebook User Name များကတော့ __
. ဥပဒေ ဗဟုသုတ. Like Page
. ဥပဒေ မှတ်စု Like Page
. TUN MYO HTAY. Like Page
. Online Lawyer Group မှ ဆရာ\ဆရာမများ နဲ့
. အခြားသော ဥပဒေပညာရှင်များပဲ ဖြစ်ပါကြောင်း နှင့် ဤနေရာမှ (ခွင့်တောင်းရင်း) Credit ပေးပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျ။
ဥပဒေပညာ တိုးတက် ပြန့်ပွားရေးကို အဓိက ရည်သန်ထားတာ ဖြစ်လို့ မှားယွင်းမှု၊ အဆင်မပြေမှုများ ရှိခဲ့ရင် ခွင့်လွှတ်ပေးပါလို့ ကြိုတင်တောင်းပန်အပ်ပါတယ် ခင်ဗျာ။