Tuesday, December 2, 2014


သက်သေခံအက်ဥပဒေအရ သက်သေအရေအတွက်နှင့် သက်သေအရည်အချင်းအကြောင်း သိကောင်းစရာ ဥပဒေဗဟုသုတ။
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●

●ပြစ်မှုများ၊တရားမမှုများဖြစ်ပွား၍တရားရုံးများ၌အမှုများပြိုင်ဆိုင်ကြသည့်အခါမိမိတို့အမှုလွတ်မြောက်ရေး၊အသာရရေး၊အနိင်ရရှိရေး၊တို့အတွက်အမှုသည်များသည်များ၏စိတ်အစဉ်စွဲမြဲထင်နေကြသည်မှာမိမိဘက်ကမှန်သည်

တစ်ရပ်ကွက်လုံး၊တစ်လမ်းလုံး၊သက်သေလိုက်ပေးနိင်သည်။သက်သေအများကြီးပြရင်မိမိဘက်ကခိုင်မာတာပေါ့၊သက်သေနည်းနည်းဘဲရပြရင်အမှုရှုံးတော့မှာပေါ့၊စသဖြင့်မငြိမ်းမငြိမ်းဘွယ်သောဆိုစကားများကိုအမြဲတန်းလိုလို

နားနှင့်မဆန့်အောင်ကြားနေမြင်နေတွေ့နေရပါသည်။ထိုအစွဲအမြင်များပျောက်စေခြင်းငှာရည်ရွယ်၍ဥပဒေဗဟုသုတပေးခြင်းဖြစ်ပါသည်။

●သက်သေခံအက်ဥပဒေပုဒ်မ-၁၃၄ပြဌာန်းချက်တွင်"မည်သည့်အမှုတွင်မဆိုအကြောင်းခြင်းရာတစ်ခုကိုထင်ရှားစေရန်အတွက်သက်သေအရေအတွက်မည်မျှလိုသည်ကိုသတ်မှတ်ခြင်းမရှိ။"ဟုဆိုထားပါသည်။

●သက်သေခံအက်ဥပဒေအရမည်သည့်အမှုမျိုးတွင်သက်သေမည်ရွေ့မည်မျှရှိသည်ဟုသတ်မှတ်ထားခြင်းမရှိပေ။သက်သေခံချက်မှာသက်သေအရေအတွက်ထက်အရည်အချင်းကပိုအရေးကြီးသည်။ ဟု "မောင်စံသိန်းနှင့်ပြည်

ထောင်စုမြန်မာနိင်ငံ-၁၉၆၂-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး-စာမျက်နှာ-၂၉၅-တွင်ထုံးဖွဲ့ထားပါသည်။

ထို့ကြောင့်"Evidence must be weight and not counted.သက်သေခံချက်မှာသက်သေအရည်အတွက်ထက်အရည်အချင်းကပိုအရေးကြီးသည်။" ဆိုသည်ကိုဥပဒေဗဟုသုတအမြင်သိစေချင်ပါသည်။       ။











သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...